" သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှုမှတ်တမ်း "
( ၂၈ ) ကြိမ်မြောက်ဖွင့်လှစ်ကုသခြင်း

           ၁၉-၆-၂၀၁၄ ရက်နေ့မှ ၂၂-၆-၂၀၁၄ ရက်နေ့ထိ ၄-ရက်တိုင်တိုင် ကုသပေးခဲ့ရာ မျက်စိဝေဒနာ ရှင်ပေါင်း ( ၄၄၅ ) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး ဝေဒနာရှင်ပေါင်း ( ၁၁၈ ) ဦးကို အောင်မြင်စွာ ခွဲစိတ် ကုသပေးခဲ့ပါသည်။
          ၂၂-၃-၂၀၀၈ ရက်နေ့မှ ၂၂-၆-၂၀၁၄ ရက်နေ့ထိ ( ၂၈ ) ကြိမ်တိုင်အောင် ဖွင့်လှစ်ကုသခဲ့ရာ  မျက်စိဝေဒနာရှင်ပေါင်း ( ၁၄၂၄၇ ) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး မျက်စိဝေဒနာရှင်ပေါင်း ( ၂၉၀၆ ) ဦးကို အခမဲ့ ကုသိုလ်ဖြစ်ကုသပေးနိုင်ခဲ့ပါသည်။

          မိုင်းကိုင်မြို့နယ် ရွာတစ်ရွာမှ တိုင်းရင်းသားမိသားစုမှာ မျက်စိဆေးရုံဖွင့်လှစ်ကုသမည်ဟု သတင်း ကြား၍ ကုသလိုဇောဖြင့် သီပေါဘုရားကြီးအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံတော်သို့ တစ်ပတ်ခန့်ကြိုရောက် လာကြသည်။ ရက်လိုသေးကြောင်း ပြောပြရာ ရွာသို့ပြန်သွားပြီးမှ ပြန်လာရန်အတွက် ခရီးစရိတ် အဆင်မ
ပြေကြောင်းသိရသည်။
          မျက်စိကုသစဉ်အတွင်း စားသောက်စရိတ်ပင် ခက်ခဲနေသည်ကိုသိရ၍ ဆေးရုံဖွင့်လှစ်ကုသမည့် အချိန်မရောက်မီ စားသောက်ရန်အတွက် ဆန် ဆီ ဆားနှင့် ဟင်းချက်စရာအပြင် အိုး ခွက် ပုဂံ မီးသွေးမီးဖို မီးသွေးပါမကျန် ထုတ်ပေးခဲ့ရသည်။

          ဤကဲ့သို့ မျက်စိဆေးရုံဖွင့်လှစ်မကုသမီ ကုသစဉ်အတွင်း ကုသပြီးသည်အထိ အဆင်ပြေချောမွေ့
စေရန် လူပေါင်း ၁၅၀-ခန့် လုပ်အားဒါန၊ ပညာဒါနများဖြင့် ၀ိုင်းဝန်းကုသိုလ်ပြု ကြရပါသည်။
          သီပေါ သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆရာမလေးများ၊ ဘုရားကြီးဝေယျာဝစ္စအဖွဲ့ ရေကြည်တော် ၀တ်အသင်းသားများ၊ ခရစ်ယာန်အသင်းတော်မှ လူငယ်မောင်မယ်များ၊ ပညာဒါနလာပြု ကြသည့် မျက်စိ အထူးကု သမားတော်ကြီးများ၊ သူနာပြုဆရာမများအပြင် သီပေါဘုရားကြီး ဂေါပကလူကြီးများ ဆေးရုံတော် ၏ စီမံအုပ်ချုပ်သူများနှင့် ၎င်းတို့၏မိတ်ဆွေ ပင်စင်စားလူကြီးများပါ ပါဝင်လုပ်အားဒါန ပေးကြပါသည်။
          မြို့ပေါ်မှအာဏာပိုင် အဖွဲ့အစည်းများ လာရောက်သည့်အခါ ကြိုဆိုဧည့်ခံပေးခြင်း၊ ရပ်ဝေးမှမျက်စိ လူနာများ လာရောက်သည့်အခါ နေရာချထားပေးခြင်းနှင့် စက္ခုဒါနအတွက် အလှူငွေပါဝင် လှူဒါန်းကြမည့် အလှူရှင်များထံမှ အလှူခံပေးခြင်း စသည်များကို ကုသိုလ်ယူဆောင်ရွက်ပေးကြပါသည်။ 

          သီပေါ သီတဂူစက္ခုဒါနဆေးရုံတော်သို့ အခမဲ့ကုသိုလ်ဖြစ် မျက်စိကုသသည့်အစီအစဉ်တွင် လာရောက်၍ ပညာဒါနလှူဒါန်းကြသော မျက်စိအထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများ၊ လုပ်အားဒါနပေးကြ
သော စေတနာရှင်များအတွက် နံနက် နေ့လယ် နေ့လယ်ခင်း ညနေစာများကို ကြွေးမွေးရန် ချက်ပြုတ်လုပ် အားကုသိုလ်ပြု ကြသူများအဖြစ် သီပေါဘုရားကြီး၏ ဝေယျာဝစ္စအဖွဲ့ ကလျာဏယုဝတီဝတ်အသင်းသူများ
နှင့် ချက်ပြုတ်ရေး၌ ၀ါသနာပါသူများက လုပ်အားဒါန ပေးလှူ ကြပါသည်။

          ဤကဲ့သို့ အဆင်ပြေချောမွေ့စွာ မျက်စိဝေဒနာရှင်များကို အခမဲ့ကုသိုလ်ဖြစ်ကုသနိုင်ရေး၊ ပါဝင်၍ လုပ်အားဒါန၊ ပညာဒါနနှင့် လုပ်အားဒါနပြုကာ ကုသိုလ်ကောင်းမှုများ ဖြစ်ပေါ်နိုင်စေရန်အတွက် ရပ်ဝေး ရပ်နီးမှ အလှူ တော်ငွေများကို လှူဒါန်းပေးကြသည့် ငွေကြေးအလှုရှင်များကို ၀မ်းမြောက်ဝမ်းသာစွာ ကျေးဇူး တင်ရှိပါသည်။

          သီတဂူဆရာတော်ကြီး၏ သြ၀ါဒကို ဦးထိပ်ပန်၍ ( ၁ ) ကြိမ်မှ ( ၂၈ ) ကြိမ်တိုင်တိုင် မျက်စိဝေဒနာ ရှင်ပေါင်း ( ၂၉၀၆ ) ဦးကို အခမဲ့ကုသိုလ်ဖြစ် ကုသပေးနိုင်ခဲ့ခြင်းမှာ ရပ်ဝေး ရင်နီး ငွေကြေးအလှူရှင်များ၊ ပညာဒါနပြု ကြသော မျက်စိအထူးကု ဆရာဝန်ကြီးများ၊ သီပေါမြို့မှ ပင်စင်စား ဆေးရုံအုပ်ကြီးများ၊ သူနာပြု ဆရာမကြီးများ၊ အားလပ်ချိန်တွင် လာရောက်ကူညီပေးကြသော သီပေါဆေးရုံကြီးမှ သူနာပြုဆရာမလေး များ၊ ဓါတ်ခွဲမှူးများ၊ ခရစ်ယာန်အသင်းတော်မှ လူငယ်မောင်မယ်များ၊ သီပေါဘုရားကြီး၏ ဝေယျာဝစ္စအဖွဲ့ ကလျာဏယုဝတီဝတ်အသင်းသူများ၊ ရေကြည်တော်ဝတ်အသင်းသားများ၊ ဂေါပကအဖွဲ့နှင့် ဆေးရုံစီမံအုပ် ချုပ်ရေးအဖွဲ့များက စေတနာ မေတ္တာများဖြင့် ၀ိုင်းဝန်းကူညီ ကုသိုလ်ယူကြ၍ အောင်မြင်ခဲ့ခြင်းဖြစ် ပါကြောင်း ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။

သီတဂူသီပေါ။


































0 comments:

Post a Comment

 
Top