"ပထမအကြိမ် စတင်ဖွင့်လှစ် ကုသခြင်းမှတ်တမ်း"


သီတဂူဆရာတော် အရှင်ဉာဏိဿရ (P.hd, D.litt) အဓိပတိဆရာတော် ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်မှ ဆေးရုံတော်ကို (၂၂-၃-၂၀၀၈) နေ့တွင် ဖွင့်လှစ်ပေးတော်မူခဲ့ပါသည်။
ဖွင့်ပွဲကို သီတဂူဆရာတော်ကြီး၏ သြ၀ါဒအရ ခမ်းခမ်းနားနားပြုလုပ်ခြင်းမဟုတ်ပဲ ပိတ် ထားသောတံခါးကို ဆရာတော်ကြီးကိုယ်တော်တိုင် တွန်းဖွင့်ပေးခြင်းပင်ဖြစ်ပါသည်။ တံခါးကိုဖွင့်ပြီး သည်နှင့်တပြိုင်နက် မျက်စိသမားတော်ကြီးများ ဆရာဝန်ဆရာမများ စတင်၍လူနာများကိုစမ်းသပ် စစ်ဆေး ခွဲစိတ်ကုသပေးခဲ့ပါသည်။
ပထမဦးဆုံးအကြိမ် ခွဲစိတ်ကုသခြင်းကို အမေရိကမှမျက်စိသမားတော်ကြီး ဦးစံအေးမှ ရဟန်းတော် ဦးဓမ္မပီယကို စတင်ခွဲစိတ် ကုသပေးခဲ့ပါသည်။
၂၂-၃-၂၀၀၈ မှ ၂၇-၃-၂၀၀၈ အထိ မျက်စိဝေဒနာရှင်ပေါင်း (၆၃၅) ဦးကို စမ်းသပ်ပေးပြီး အတွင်းတိမ် ရေတိမ်ဝေဒနာရှင် (၁၅၄) ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါသည်။
မျက်စိဝေဒနာရှင်အားလုံးကို "အခမဲ့" ကုသပေးခြင်းဖြစ်ပါသည်။

0 comments:

Post a Comment

 
Top