"သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်၏ ကုသမှုမှတ်တမ်း"
( ၂၄ ) ကြိမ်မြောက် ဖွင့်လှစ်ကုသခြင်း

         
          ၂၀-၆-၂၀၁၃ နေ့တွင် စတင်၍ စမ်းသပ်စစ်ဆေး ကုသပေးပါသည်။ ယခုကုသသည့် အစီအစဉ် သည် နယုန်လပြည့် (မဟာသမယနေ့) နှင့် တိုက်ဆိုင်နေပါသဖြင့် လပြည့်ည၏ပုံရိပ်မှာ ကြည်နူးဖွယ်ရာပင်။



          ၂၀-၆-၂၀၁၃ နေ့မှ ၂၃-၆-၂၀၁၃ နေ့ထိ မျက်စိဝေဒနာရှင်ပေါင်း ( ၃၉၈ ) ဦးကို စမ်းသပ် စစ်ဆေးပြီး လူနာပေါင်း ( ၇၁ ) ဦးကို ခွဲစိတ်ကုသပေးခဲ့ပါသည်။



          ၂၂-၃-၂၀၀၈ နေ့မှ ၂၃-၆-၂၀၁၃ နေ့ထိ ( ၂၄ ) ကြိမ်တိုင် သီပေါ သီတဂူစက္ခုဒါန ဆေးရုံတော်ကို ဖွင့်လှစ်ကုသခဲ့ရာ ရှမ်းပြည်နယ်တခွင်သာမက အနယ်နယ် အရပ်ရပ် ဒေသစုံမှ ရောက်ရှိလာသော လူမျိုးစုံ ဘာသာစုံ မျက်စိဝေဒနာ ခံစားနေရသူပေါင်း ( ၁၂၁၉၀ ) ဦးကို သေချာကျန စမ်းသပ် စစ်ဆေးပေးပြီး ခွဲစိတ် ကုသရန်လိုအပ်သော လူနာပေါင်း ( ၂၄၄၇ ) ဦးကို ခွဲစိတ် ကုသပေးနိုင်ခဲ့ပါသည်။


          သီပေါ သီတဂူစက္ခုဒါန ဆေးရုံတော်အား ပညာဒါန လုပ်အားဒါန ငွေကြေးဒါန ပစ္စည်းဒါန ယာဉ်ဒါန များဖြင့် ၀ိုင်းဝန်းကုသိုလ်ပြုပေးကြသော လူမျိုးစုံ ဘာသာစုံတို့၏ ကုသိုလ် စေတနာ မေတ္တာ ဂရုဏာ များကြောင့် ယခုကဲ့သို့ ( ၂၄ ) ကြိမ်တိုင်တိုင် ၅-နှစ်ကျော်ကာလ ရပ်တည်နိုင်ကာ မျက်စိလူနာပေါင်း (၂၄၄၇) ဦးကို အခမဲ့ ကုသပေးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း ကောင်းမှုရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုအပ် ပါသည်။

                                                                                                                     သီတဂူသီပေါ။

0 comments:

Post a Comment

 
Top