"သီပေါမြို့  သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှုမှတ်တမ်း"
(၂၃) ကြိမ်မြောက် ဖွင့်လှစ်ကုသခြင်း

           ၂၈-၃-၂၀၁၃ နေ့တွင် စတင်စမ်းသပ် စစ်ဆေးပေးပါသည်။
          ၂၈-၃-၂၀၁၃ နေ့မှ ၃၀-၃-၂၀၁၃ နေ့ထိ မျက်စိဝေဒနာရှင်ပေါင်း ( ၅၄၂ ) ဦးကို စမ်းသပ် စစ်ဆေးပေး
ပြီး လူနာပေါင်း ( ၁၃၁ ) ဦးကို ခွဲစိတ်ကုသပေးခဲ့ပါသည်။

          
          ၂၂-၃-၂၀၀၈ နေ့မှ ၃၀-၃-၂၀၁၃ နေ့ထိ ( ၂၃ ) ကြိမ်တိုင် သီပေါ သီတဂူစက္ခုဒါန ဆေးရုံတော်ကို ဖွင့်လှစ်ကုသခဲ့ရာ အနယ်နယ်အရပ်ရပ် ဒေသစုံ လူမျိုးစုံ ဘာသာစုံ မျက်စိဝေဒနာရှင်ပေါင်း (၁၁၇၉၂ ) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး ( ၂၃၇၆ ) ဦးကို ခွဲစိတ်ကုသပေးခဲ့ပါသည်။


          မျက်စိဝေဒနာရှင်ပေါင်း ( ၂၃၇၆ ) ဦးကို အောင်မြင်စွာ မျက်စိအလင်းဓါတ် ပေးနိုင်ခဲ့ခြင်းမှာ သီပေါ သီတဂူစက္ခုဒါန ဆေးရုံတော်အား ပညာဒါန ငွေကြေးဒါန လုပ်အားဒါနပြုကြသော အလှူရှင်များ၏ မေတ္တာ  
စေတနာများကြောင့် ယခုကဲ့သို့ အခမဲ့ ကုသိုလ်ဖြစ် ကုသပေးနိုင်ခြင်းဖြစ်ပါကြောင်း အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
သီတဂူသီပေါ။
မှတ်ချက်-- ဓါတ်ပုံများကို အသုံးပြုခွင့်ပေးပါသော ကိုဝင်းသောင်းအား ကျေးဇူးတင်ပါသည်။


0 comments:

Post a Comment

 
Top