" သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှုမှတ်တမ်း "
( ၃၀ ) ကြိမ်မြောက်ဖွင့်လှစ်ကုသခြင်း

          ( ၃၀ ) ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ( ၁၇-၁-၂၀၁၅ ) ရက်နေ့မှ ( ၂၃-၁-၂၀၁၅) ရက်နေ့ထိ ၇-ရက်တိုင်အောင် ကုသပေးခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း ( ၁၀၁၂ ) ဦးကို စမ်းသပ်စစ်ဆေးပေး ပြီး မျက်စိဝေဒနာရှင်ပေါင်း ( ၁၈၅ ) ဦးကို ခွဲစိတ်ကုသပေးခဲ့ပါသည်။
          ( ၂၂-၃-၂၀၀၈ ) ရက်နေ့မှ ( ၂၃-၁-၂၀၁၅ ) ရက်နေ့ထိ ( ၃၀ ) ကြိမ်တိုင်တိုင် ဖွင့်လှစ်ကုသပေး ခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း ( ၁၅၉၄၃ ) ဦးကို သေသေချာချာ ကျကျနန စမ်းသပ်စစ်ဆေးပေးပြီး မျက်စိဝေဒနာရှင် ပေါင်း ( ၃၂၀၉ ) ဦးကို အခမဲ့ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

          ပုံမှန်အားဖြင့် သီပေါ သီတဂူစက္ခုဒါနဆေးရုံတော်ကို တစ်နှစ်လျှင် ၄-ကြိမ် မတ်လ၊ ဇွန်လ ၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလများတွင် ဖွင့်လှစ်ကုသမြဲဖြစ်ပါသည်။ ယခု ( ၃၀ ) ကြိမ်မြောက် အစီ အစဉ်မှာ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်ကုသရမည်ဖြစ်သော်လည်း သီတဂူဆရာတော်ကြီး၏ မေတ္တာရပ်ခံ ချက်အရ အမေရိကနိုင်ငံ Global Community Service Foundation အဖွဲ့က သီပေါ မျက်စိဆေးရုံသို့ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် ဆေးပစ္စည်းတို့ပါ ယူဆောင်လာကာ ကုသိုလ်ပြုလိုပါကြောင်း ဆက်သွယ်လာပါသည်။
          ၎င်းအဖွဲ့သည် ဇန္န၀ါရီလ တတိယအပတ်တွင်မှ လာရောက်နိုင်မည်ဖြစ်သောကြောင့် ဖွင့်လှစ်ကုသ ရမည့် ဒီဇင်ဘာလအတွင်း မျက်စိကုသမှု အစီအစဉ်ကို  ဇန္န၀ါရီလသို့ပြောင်းရွှေ့ကာ သီတဂူစက္ခုဒါနဆေးရုံ မှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် အမေရိကမှ မျက်စိအထူးကု ဆရာဝန်များပူးပေါင်း၍ ( ၃၀ ) ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ( ၁၇-၁-၂၀၁၅ ) ရက်နေ့တွင်မှ စတင်ဖွင့်လှစ် ကုသပေးခဲ့ ရပါသည်။

          မြန်မာနိုင်ငံတွင်း ရပ်ဝေးရပ်နီးမှ တိုင်းရင်းသားများ လာရောက်ကုသမှု ခံယူသည့်နည်းတူ ယခုဖွင့် လှစ်ကုသသော ( ၃၀ ) ကြိမ်မြောက် မျက်စိကုသမှုအစီအစဉ်တွင် အိမ်နီးချင်းနိုင်ငံ မန်စီမြို့နယ်အတွင်းမှ ရှမ်းအမျိုးသမီးကြီးများ လာရောက်ကုသမှုခံယူကြသည်ကို ထူးခြားစွာတွေ့မြင်ရသည်။
          မည်သည့်အရပ် မည်သည့်ဒေသမှဖြစ်ဖြစ် လူမျိုးမရွေး ဘာသာမရွေး အယုတ် အလတ် အမြတ် မရွေး မျက်စိဝေဒနာရှင်များအဖြစ်သာရှုမြင်ကာ သီတဂူစက္ခုဒါနဆေးရုံတော်မှ နွေးထွေးစွာကြိုဆို၍ အခမဲ့ ကုသပေးခဲ့ပါသည်။
 
 
          အမေရိကနိုင်ငံမှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့်အဖွဲ့ကို မြန်မာအစားအစာ ရှမ်းအစားအစာ တို့ဖြင့်သာ ချက်ပြုတ်ကျွေးမွေးသော်လည်း မြိန်ရေယှက်ရေ ပျော်ရွှင်စွာ စားသောက်ကြသည်ကို မြင်တွေ့ ရ၍ ၀မ်းသာရသည်။ အစားအသောက် အဆင်ပြေမပြေ မေးမြန်းကြည့်ရာ အရသာရှိ၍ ကြိုက်နှစ်သက်ကြ ပါကြောင်းပြောကြသည်။

          ဆေးကုသမှုအစီအစဉ်ပြီးဆုံး၍ Global Community Service Foundation အဖွဲ့က ယူဆောင် လာသည့် ဆေးဝါးပစ္စည်း ပိုသည်များကို သီပေါ သီတဂူစက္ခုဒါနဆေးရုံတော်သို့ လှူဒါန်းပေးပါသည်။ အခမဲ့ ကုသိုလ်ဖြစ် မျက်စိကုသမှုအစီအစဉ် ရည်ရှည်တည်တံ့နိုင်ပါရန် အလှူတော်ငွေ ဒေါ်လာတစ်ထောင်ကို လည်း လှူဒါန်းပေးခဲ့ပါသည်။
 
          မျက်စိခွဲစိတ်ကုသမှု ခံယူကြပြီးသော ဝေဒနာရှင်များကို ဆေးရုံတွင် ၂-ရက်စောင့်ရှောက်ပေးပြီး ဆင်းခွင့်ပြုပါသည်။ ဆေးရုံမဆင်းမီ မျက်စိဝေဒနာရှင်များကို တနေရာထည်းတွင်စုစည်းကာ မိမိတို့၏ ခွဲစိတ် ကုသပြီးမျက်စိကို မည်သို့စောင့်ရှောက်ရန် သေချာကျနစွာ သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆရာမလေးများ က ရှင်းလင်းပြပေးသည်။
          သီတဂူဆရာတော်ကြီး၏ သြ၀ါဒအရ ( ၁ ) ကြိမ်မှ ( ၃၀ ) ကြိမ်တိုင် အခမဲ့မျက်စိကုသမှု အစီအစဉ် ကို ဖွင့်လှစ်ကုသပေးခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း ( ၃၂၀၉ ) ဦးကိုအောင်မြင်စွာဖြင့် ကုသပေးနိုင်ခြင်းမှာ အလှူရှင်များ၏ ငွေကြေးအလှူ  မျက်စိအထူးကု ဆရာဝန်ကြီးများ၏ ပညာအလှူတို့နှင့် သီတဂူစက္ခုဒါနဆေး ရုံတော်၏ အောက်ခြေသိမ်း လုပ်အားဒါနပြုကြသော စေတနာရှင် လုပ်အားရှင်များ ၀ိုင်းဝန်းကူညီကြကာ ကုသိုလ်ပြုကြပါသဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ပါကြောင်း ၀မ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်ဂုဏ်ပြုမှတ် တမ်းတင်အပ်ပါသည်။

သီတဂူသီပေါ။
Next
This is the most recent post.
Previous
Older Post

0 comments:

Post a Comment

 
Top