"မျက်စိဝေဒနာရှင်များ လာရောက်ကုသနိုင်ပါပြီ"
၂၃-ကြိမ်မြောက် ဖွင့်လှစ်ကုသခြင်းကို (၂၈-၃-၁၃) မှ (၃၀-၃-၁၃) ထိ ဆောင်ရွက်ပေးပါမည်။

  
   ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့  မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကို ၂၈-၃-၂၀၁၃ နေ့မှ ၃၀-၃-၂၀၁၃ နေ့ထိ ၂၃-ကြိမ်မြောက် ဖွင့်လှစ်၍ ကုသိုလ်ဖြစ် အခမဲ့ ကုသပေးမည်  ဖြစ် ပါသည်။


မျက်စိအမြင်စမ်းသပ်ပေးခြင်း၊


မျက်စိရေချိန်တိုင်းပေးခြင်း၊


မျက်စိဝေဒနာကို အထူးကုဆရာဝန်ကြီးများက သေချာကျနစွာ စစ်ဆေးပေးခြင်း၊


ဆီးချို, သွေးတိုး, HIV, B, C ပိုးများ အဆီနှင့် နှလုံးရောဂါရှိမရှိကို ခေတ်မှီစက်များဖြင့် စစ်ဆေးခြင်း၊

         
      ခွဲစိတ်ပစ္စည်း ဆရာဝန် သူနာပြု လူနာတို့အတွက် အ၀တ်များ အသုံးအဆောင်များကို ပိုးသတ်ပေါင်း  တင်ခြင်း။


 မခွဲစိတ်မီ လူနာများကို ခွဲခန်းဝတ်စုံလဲပေးခြင်း မျက်စိသူငယ်အိမ်ကျယ်ရန် မျက်စဉ်းခပ်ပေးခြင်းကို  သေချာ ကျနစွာ ပြင်ဆင်ပြီးမှ အထူးကုဆရာဝန်ကြီးများက ခွဲစိတ်ကုသပေးပါသည်။

       
         နောက်တရက် ခွဲပြီးလူနာများအား မျက်စိသန့်ရှင်းပေးပြီး အထူးကုဆရာဝန်ကြီးများက ပြန်လည် စစ်ဆေးပေးသည်။ မျက်စိသမားတော်ကြီးများ ကျွမ်းကျင်သူနာပြုများ ဓါတ်ခွဲမှုးများမှ ပညာဒါနပြုကြသည်။

     
     ဖွင့်လှစ်ကုသပေးခြင်းမပြုမီ ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းအောင် တံမြက်လှည်းခြင်း လူနာဆောင် ခွဲစိတ်ဆောင်တို့ကို ရေဖြင့်ဆေးကြော ပိုးသတ်ဆေးရေများဖြင့် ဖြန်းပက်၍ ပြင်ဆင်ကြရခြင်း အမှိုက်သိမ်း   ခြင်းတို့ကို လုပ်အားဒါန ပြကြပါသည်။


 ဤကဲ့သို့ ငွေကြေးဒါနနှင့်လည်း ကုသိုလ်ပြုကြသည်။

        ၂၀၀၈-ခုနှစ် မတ်လ ၂၂-ရက်နေ့မှစ၍ ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ ၂၄-ရက်နေ့ထိ ၂၂-ကြိမ်မြောက် ကုသပေးခဲ့ပြီးဖြစ်ရာ မျက်စိဝေဒနာရှင်ပေါင်း (၁၁၂၅၀) ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး လူနာပေါင်း (၂၂၄၅) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပြီး ဖြစ်ပါသည်။ နှစ်စဉ် မတ်လ၊ ဂျွန်လ၊ စက်တင်ဘာလ၊ ဒီဇင်ဘာလ များတွင် တနှစ်လျှင် ၄-ကြိမ် ဖွင့်လှစ်ကုသပေးပါမည်။
          ယခု ၂၀၁၃-ခုနှစ် မတ်လ ၂၈-ရက်နေ့တွင် ၂၃-ကြိမ်မြောက် (၅-နှစ်ပြည့်မြောက်) ဖွင့်လှစ်ကုသ မည်ဖြစ်ရာ ပညာဒါန လုပ်အားဒါန ငွေကြေးဒါန ကောင်းမှုရှင်များအား လှိုက်လှဲစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
သီတဂူသီပေါ..

0 comments:

Post a Comment

 
Top