"သီပေါမြို့သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှုမှတ်တမ်း"
(၂၂) ကြိမ်မြောက် ဖွင့်လှစ်ကုသခြင်း
 
ခွဲစိတ်ကုသရမည့် မျက်စိလူနာများကို A,B,C စစ်ဆေးခြင်း ဆီးချို သွေးချို စစ်ဆေးခြင်း နှလုံး သွေးတိုး စမ်းသပ်စစ်ဆေးခြင်းများ ဦးစွာပြုလုပ်သည်။
          ၂၁-၁၂-၂၀၁၂ နေ့တွင် စတင်စမ်းသပ် ကုသပေးပါသည်။
          ၂၁-၁၂-၂၀၁၂ နေ့မှ ၂၄-၁၂-၂၀၁၂ နေ့ထိ မျက်စိဝေဒနာရှင်ပေါင်း (၄၆၄) ဦင်္းကို စမ်းသပ် စစ်ဆေးပေးပြီး လူနာပေါင်း (၁၂၁) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။
          ၂၂-၃-၂၀၀၈ နေ့မှ ၂၄-၁၂-၂၀၁၂ နေ့အထိ (၂၂) ကြိမ်တိုင်တိုင် သီတဂူစက္ခုဒါနဆေးရုံ (သီပေါ) ကို ဖွင့်လှစ်ကုသခဲ့ရာ အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်ပေါင်း (၁၁၂၅၀) ဦးကို စမ်းသပ် စစ်ဆေးပေးပြီး လူနာပေါင်း (၂၂၄၅) ဦးကို ခွဲစိတ်ကုသပေးခဲ့ပါသည်။
          မျက်စိဝေဒနာရှင်ပေါင်း (၂၂၄၅) ဦးကို ကုသိုလ်ဖြစ် အလင်းဓါတ်ပေးနိုင်ခဲ့ကြပါသဖြင့် သီပေါ သီတဂူစက္ခုဒါန ဆေးရုံတော်အား ၀ိုင်းဝန်းကူညီ၍ ပညာဒါန ငွေကြေးဒါန လုပ်အားဒါနပြု ကြသော စေတနာရှင် အလှူရှင်များမှ အလွန်ဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်ရပါကြောင်းနှင့် ဤသတင်းကို ကြားကြား သမျှ နတ်လူအပေါင်း ၀မ်းမြောက်နုမော် သာဓု ခေါ်ဆိုနိုင်ကြပါရန် မှတ်တမ်းတင်အပ်ပါသည်။
သီတဂူသီပေါ

0 comments:

Post a Comment

 
Top