"သီပေါမြို့  သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှု မှတ်တမ်း"
(၂၁) ကြိမ်မြောက်ဖွင့်လှစ်ကုသခြင်း

      မျက်စိဆေးရုံကို ၂၀၀၇-နှစ်မှ စတင်ဆောက်လုပ်ခဲ့ပါသည်။ ဆေးရုံအဆောက်အဦကို သီပေါမြို့သူ/သားများ၏ အလှူဒါနဖြင့် ဆောက်လုပ်ပြီး မျက်စိခွဲစိတ်ကုသရန် လိုအပ်သော စက်ကိရိယာများကို သီတဂူဆရာတော်မှ ဖြည့် ဆည်းလှူ ဒါန်းပေးပါသည်။


      ၂၀၀၈-ခုနှစ် မတ်လတွင် သီတဂူဆရာတော်ကြီး ကိုယ်တော်တိုင်ကြွရောက် ဖွင့်လှစ်ပေးတော်မူ၍ မိမိ၏ အယုဒါနဆေးရုံ ၀န်ထမ်းများ၊ အမေရိကန်မှ မျက်စိသမားတော်ကြီး ဦးစံအေး၊ ရန်ကုန်မှ မျက်စိပါမောက္ခ ဦးမြအောင် တို့အဖွဲ့နှင့် စတင်ကုသပေးတော်မူခဲ့ပါသည်။


    ၁၃--၉-၂၀၁၁ နေ့ထိ ၁၈-ကြိမ်တိုင် စစ်ကိုင်း သီတဂူ အာယုဒါနဆေးရုံတော်မှ ဦးဆောင်၍ ကုသပေးခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း (၉၆၄၆) ဦးကိုစမ်းသပ်ပေးပြီး (၁၈၉၀) ဦးကို ခွဲစိတ်ကုသပေးခဲ့ပါသည်။


      သီတဂူဆရာတော်ကြီးသည် တိုင်းနှင့်ပြည်နယ်အနှံ့ သီတဂူစက္ခုဒါနဆေးရုံကို လှူဒါန်းခဲ့ရာ ယခုအချိန်ထိ မျက်စိဆေးရုံပေါင်း ၁၆-ရုံခန့် ရှိနေပြီဖြစ်ရာ ဆရာတော်ကြီး၏ အာယုဒါနဆေးရုံဝန်ထမ်းများ အလှည့်ကျ သွားရောက် ကုသပေးနေရပါသည်။ သီပေါ သီတဂူစက္ခုဒါနဆေးရုံသို့ တစ်နှစ်တွင်တခေါက် အလှည့်ရောက်ရန်မှာ မလွယ် ကူတော့ပါ။ သို့အတွက်ကြောင့် ၂၀၁၂-ခု မတ်လ ဆရာတော်ကြီး၏ မွေးနေ့တွင် သီပေါ သီတဂူစက္ခုဒါနဆေးရုံတော် အဖွဲ့သားများမှ သီတဂူဆရာတော်ကြီးအား ပူဇော်ကန်တော့ပြီး၍ မိမိတို့၏ အစီအစဉ်ဖြင့်ကုသခွင့်ကို ဆရာတော်ကြီး ထံ သြ၀ါဒခံယူကာ ၂၀၁၂-ခုနှစ် မတ်လ ၂၄-ရက်နေ့မှစတင်ပြီး (၁၉) ကြိမ်မြောက် မျက်စိကုသသည့် အစီအစဉ်ကို စတင် ဖွင့်လှစ်ကုသခဲ့ပါသည်။
 

    (၁၉) ကြိမ် (၂၀) ကြိမ် တို့ကို သီပေါ သီတဂူစက္ခုဒါနဆေးရုံတော် အဖွဲ့သားများမှ ၃-လ လျှင်တစ်ကြိမ် ဖွင့်လှစ်ကုသပေးခဲ့ပြီး ၂၀-၉-၂၀၁၂ ခုနေ့တွင် (၂၁)ကြိမ်မြောက် ဆေးရုံဖွင့်လှစ်ကုသခြင်း အစီအစဉ်ကို စတင်ကုသ ပေးခဲ့ပါသည်။


      ၂၀-၉-၂၀၁၂ နေ့ နေ့လည်ပိုင်းမှစတင်၍ လူနာပေါင်း ၁၄၀-ခန့်ကို စမ်းသပ်စစ်ဆေးပေးခဲ့ရာ ခွဲစိတ်ကုသရမည့် လူနာပေါင်း ၄၀-ခန့် ရရှိပါသည်။ ၂၁-ရက် နေ့တွင် မျက်စိရောဂါ စမ်းသပ်စစ်ဆေးသည့် သမားတော်များက စစ်ဆေးပြီး ခွဲစိတ်ကုသသည့် သမားတော်များက ခွဲစိတ်ကုသပေးခဲ့ကြပါသည်။


      ၂၀-၉-၂၀၁၂ နေ့မှ ၂၂-၉-၂၀၁၂ နေ့ထိ သုံးရက်တိုင် စမ်းသပ်ခွဲစိတ်ကုသပေးခဲ့ရာ မျက်စိဝေဒနာရှင် (၄၇၉) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး ဝေဒနာရှင်ပေါင်း (၉၄) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။


     ၂၂-၃-၂၀၀၈ နေ့မှ ၂၂-၉-၂၀၁၂ နေ့ထိ (၂၁) ကြိမ်တိုင်အောင် မျက်စိဆေးရုံတော်အား ဖွင့်လှစ်ကုသပေးခဲ့ ရာ မျက်စိဝေဒနာရှင် (၁၀၇၈၆) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး (၂၁၂၄) ဦးကို ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးနိုင်ခဲ့ပါ သည်။
            သီတဂူဆရာတော် အရှင်ဉာဏိဿရ (P.hd D.Litt) ၏ သြ၀ါဒအရ ၁-ကြိမ် မှ ၂၁-ကြိမ်တိုင် မျက်စိဝေဒနာ ရှင် (၂၁၂၄) ဦးကို အခမဲ့ ကုသိုလ်ယူကာ အလင်းဓါတ်ပေးနိုင်ခဲ့ကြပါသဖြင့် သီပေါ သီတဂူစက္ခုဒါနဆေးရုံတော် အဖွဲ့သားများမှ ၀မ်းမြောက်ဝမ်းသာ ကြည်နူးစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
                                                                                                                        သီတဂူသီပေါ။

0 comments:

Post a Comment

 
Top