"တိုက်တွန်းနှိုးဆော်ပန်ကြားအပ်ပါသည်"


 သီပေါ သီတဂူစက္ခုဒါနဆေးရုံတော်သည် ၂၀၀၈ခုနှစ်မှစ၍ ၂၀၁၁ ခုထိ
(၁၈)ကြိမ်တိုင်တိုင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှု ထောက်ပံ့မှုတို့ဖြင့်
 မျက်စိဝေဒနာရှင်ပေါင်း ( ၁၈၉၀ ) ဦးကို အခမဲ့ဆေးကုသပေးခဲ့ပါသည်။ ယခုအခါ
သီတဂူဆရာတော်ကြီးသည် သီတဂူစက္ခုဒါန ဆေးရုံများကို မြန်မာနိုင်ငံ
ဒေသအနှံ့အပြားတွင် ဖွင့်လှစ် ကုသပေးလျက် ရှိရာ သီပေါ
သီတဂူစက္ခုဒါနဆေးရုံသို့ တနှစ်လျှင် တစ်ကြိမ်လောက်သာ လာရောက် ကုသပေးနိုင်
တော့မည်ဖြစ်ပါသည်။ 


သီပေါ သီတဂူစက္ခုဒါနဆေးရုံ အဖွဲ့သားများ အနေဖြင့် ဆရာတော်ကြီး၏ ခွင့်ပြုချက်အရ (၁၈) ကြိမ်တိုင်တိုင် နည်းပေးလမ်းပြပြုခဲ့သော စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံ ၀န်ထမ်းများ၏ လုပ်နည်းလုပ်ဟန်တို့ကို နည်းယူကာ လေးနှစ်ပြည့်မြောက် အထူးအနေဖြင့် ၂၀၁၂-ခုနှစ် မတ်လ ၂၄- ၂၅- ၂၆- ရက်နေ့များတွင် (၁၉) ကြိမ်မြောက် ဆေးရုံဖွင့်လှစ်ကုသခဲ့ရာ လူနာပေါင်း (၈၃) ဦးကို အခမဲ့ ခွဲစိတ်ကုသနိုင်ခဲ့ပါသည်။ 



ဆေးကုသမှုကုန်ကျစားရိတ် ကျပ်ငွေ သိန်း ၇၀ ခန့်သုံးစွဲခဲ့ရပါသည်။
မိမိတို့ အစီအစဉ်ဖြင့် တနှစ်လျှင် ၄ကြိမ် အခမဲ့ ကုသပေးနိုင်ရန်
ကြိုးစားလျှက်ရှိပါသည်။ တကြိမ်ကုသလျှင် ကျပ်ငွေ သိန်း ၇၀ ခန့်ရှာဖွေရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သီပေါ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး အတွက် မိမိတို့တတ်စွမ်းသမျှ ကုသိုလ်ပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။



သီပေါ သီတဂူစက္ခုဒါနဆေးရုံသည် သီပေါနယ်သူနယ်သားများသာမက ရှမ်းပြည်နယ်တခွင်၏ အားထားရာ တစ်ခုတည်းသော အခမဲ့ကုသပေးသောဆေးရုံအဖြစ် သီပေါမြို့၏ဂုဏ်ကို ဆောင်လျက်ရှိပါသည်။
စေတနာရှင် ကုသိုလ်ရှင်များ အထူးအားဖြင့် နိုင်ငံတွင်း နိုင်ငံခြားရပ်ဝေးရောက် သီပေါသူ သီပေါသားများအား ပါဝင်ပံ့ပိုး ကူညီလှူဒါန်းပေးနိုင်ကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။
                                                                                                သီတဂူသီပေါ။

0 comments:

Post a Comment

 
Top