"သီပေါမြို့  သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှုမှတ်တမ်း" "သီပေါမြို့  သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှုမှတ်တမ်း" (၂၃) ကြိမ်မြောက် ဖွင့်လှစ်ကုသခြင်း ၂၈-၃-၂၀၁၃ နေ့တွင် စတင်စမ်းသပ် စစ်ဆေးပေးပါသည်။ ၂၈-၃-၂၀၁၃ နေ့မှ ၃၀-၃-၂၀၁၃ နေ့ထိ မျက်စိဝေဒနာရှင်ပေါင်း ( ၅၄၂ ) ဦးကို စမ်းသပ် စစ်ဆေးပေး ပြီး လူနာပေါင်း ( ၁၃၁ ) ဦးကို ခွဲစိတ်ကုသပေးခဲ့ပါသည်။ ၂၂-၃-၂၀၀၈ နေ့မှ ၃၀-၃-၂၀၁၃ နေ့ထိ ( ၂၃ ) ကြိမ်တိုင် သီပေါ သီတဂူစက္ခုဒါန ဆေးရုံတော်ကို ဖွင့်လှစ်ကုသခဲ့ရာ အနယ်နယ်အရပ်ရပ် ဒေသစုံ လူမျိုးစုံ ဘာသာစုံ မျက်စိဝေဒနာရှင်ပေါင်း (၁၁၇၉၂ ) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး ( ၂၃၇၆ ) ဦးကို ခွဲစိတ်ကုသပေးခဲ့ပါသည်။ မျက်စိဝေဒနာရှင်ပေါင်း ( ၂၃၇၆ ) ဦးကို အောင်မြင်စွာ မျက်စိအလင်းဓါတ် ပေးနိုင်ခဲ့ခြင်းမှာ သီပေါ သီတဂူစက္ခုဒါန ဆေးရုံတော်အား ပညာဒါန ငွေကြေးဒါန လုပ်အားဒါနပြုကြသော အလှူရှင်များ၏ မေတ္တာ စေတနာများကြောင့် ယခုကဲ့သို့ အခမဲ့ ကုသိုလ်ဖြစ် ကုသပေးနိုင်ခြင်းဖြစ်ပါကြောင်း အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ သီတဂူသီပေါ။ မှတ်ချက်-- ဓါတ်ပုံများကို အသုံးပြုခွင့်ပေးပါသော ကိုဝင်းသောင်းအား ကျေးဇူးတင်ပါသည်။ "သီပေါမြို့  သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှုမှတ်တမ်း" "သီပေါမြို့  သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှုမှတ်တမ်း" (၂၃) ကြိမ်မြောက် ဖွင့်လှစ်ကုသခြင်း ၂၈-၃-၂၀၁၃ နေ့တွင... Read more » 5:11 AM