"သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှု မှတ်တမ်း" "သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှု မှတ်တမ်း" (၂၀) ကြိမ်မြောက် ဖွင့်လှစ်ကုသခြင်း ပတ်ဝန်းကျင်အားလုံးကို တံမြက်စည်းလှည်း၍ ဆေးရုံကိုသန့်ရှင်းစေပါသည်။ လူနာဆောင်ကို ဖုန်မှုန့်များပါမကျန်အောင် ရေဆေးသန့်ရှင်းကြသည်။ လူနာစောင့်များ ထမင်းစားဆောင်ပါမကျန်အောင် သန့်ရှင်းအောင် ရေဆေးပေးကြသည်။ အဓိကကျသော ခွဲစိတ်ခန်းကို သေချာကျန ဆေးကြောသန့်စင်ကြရသည်။ ရေဆေးသန့်ရှင်းပြီးမှ ပိုးမွှားများ သန့်စင်ပေးရပြန်သေးသည်။ ဆေးရုံကို သေချာကျနစွာ သန့်ရှင်းအောင်ပြုလုပ်ပြီး ခွဲစိတ် ကုသမည့်ရက်ကို ကြော်ငြာပေးသည်။ ရောက်ရှိလာသော မျက်စိဝေဒနာရှင်များ၏ အမည် အသက် နေရပ် လိပ်စာ မှတ်ပုံတင်နံပါတ်တို့ကို စနစ်တကျ မှတ်ပုံတင်ထားပေးပါသည်။ မျက်စိဝေဒနာရှင်များကို ရှေးဦးစွာ အမြင်စမ်းသပ်ပေးသည်။ မျက်စိရေချိန်ကို စက်ကိရိယာများနှင့် တိုင်းပေးသည်။ မျက်စိရောဂါကို မှန်ဘီလူးဖြင့်ကြည့်ရှု စစ်ဆေးပေးသည်။ ခွဲစိတ်ခန်းဝင်ရန် အပြင်တွင်တန်းစီ စောင့်နေကြသော လူနာများကို မျက်တောင်မွှေးညှပ်ပေးခြင်း မျက်စိသူငယ်အိမ်ချဲ့ ပေးခြင်းဖြင့် ပြင်ဆင်ပေးကြရသည်။ မခွဲစိတ်မီလူနာများအား ခွဲခန်းဝတ်အင်္ကျီ လဲလှယ်ပေးသည်။ ခွဲခန်းဝတ်စုံနှင့် အသင့်တန်းစီ ထိုင်စောင့်နေကြသော လူနာများကို ထပ်မံ၍ ဆီးချို သွေးတိုးနှင့် မျက်စိအတွင်းထည့်မည့် (IOL) တိုင်းထားခြင်းရှိမရှိ သေချာစွာစစ်ဆေးပေးသည်။ အပြင်တွင်သေချာစွာ စစ်ဆေးပြီး ခွဲစိတ်ခန်းတွင်းသို့ ရောက်ရှိလာသော မျက်စိဝေဒနာရှင်များကို ကျွမ်းကျင်သော သမားတော်များမှ ခွဲစိတ်ကုသပေးပါသည်။ ဤသို့ (၂၀) ကြိမ်မြောက် ဖွင့်လှစ်ကုသခြင်းကို ၂၀၁၂-ခုနှစ် ဇွန်လ ၂၉-ရက်နှင့် ၃၀-ရက်တို့တွင် ၂-ရက်တိုင် ခွဲစိတ်ကုသပေးရာ မျက်စိဝေဒနာရှင်ပေါင်း (၃၇၇) ဦးတို့ကို စမ်းသပ်စစ်ဆေးပေးပြီး (၅၇) ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ၂၂-၃-၂၀၀၈ မှ ယနေ့ထိ အကြိမ်ပေါင်း (၂၀) တိုင်တိုင် မျက်စိဆေးရုံကို ဖွင့်လှစ်ကုသပေးခဲ့ရာ လူနာပေါင်း (၁၀၃၀၇) ဦးတို့ကို စမ်းသပ်စစ်ဆေးပေးပြီး (၂၀၃၀) ဦးတို့ကို အောင်မြင်စွာ ခွဲစိတ်ကုသ ပေးပြီးဖြစ်ပါသည်။ သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ (Ph.D, D.Litt) ၏ သြ၀ါဒအတိုင်း လိုက်နာဆောင်ရွက် ခဲ့ကြရာ ဆရာတော်ကြီး၏ စေတနာ မေတ္တာတို့ဖြင့် (၁) ကြိမ်မှ (၂၀) ကြိမ်တိုင်တိုင် မျက်စိဝေဒနာရှင် ပေါင်း (၂၀၃၀) ဦးတို့ကို "အခမဲ့" ခွဲစိတ်ကုသပေးပြီး ကုသိုလ်ရယူနိုင်ကြပါသဖြင့် သီပေါ သီတဂူစက္ခုဒါန ဆေးရုံ အဖွဲ့ သားများမှ ၀မ်းမြောက်ဝမ်းသာ ပီတိဖြစ်ကြရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ သီတဂူသီပေါ။ "သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှု မှတ်တမ်း" "သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်၏ ဆေးကုသမှု မှတ်တမ်း" (၂၀) ကြိမ်မြောက် ဖွင့်လှစ်ကုသခြင်း ပတ်ဝန်းကျင်အားလုံးက... Read more » 9:54 AM