"သီတဂူဆရာတော်၏ သာသနာပြု ပုံရိပ်များ"
သီတဂူ ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဉာဏိဿရ
နှင့်
သီပေါမြို့မဟာမြတ်မုနိဘုရားကြီး


          ၁၃၄၇- ခု နတ်တော်လ (၁၉၈၅- ခုနှစ် ဒီဇင်ဘာလ) တွင် သီပေါမြို့လယ်ဓမ္မာရုံသို့ မလွန်ဆန်လှူ အသင်းအတွက် အနုမောဒနာတရား ဟောကြားရန် ကြွရောက် လာပါသည်။
        တရားမဟောမီ မဟာမြတ်မုနိဘုရားကြီးအား ဖူးမျှော်ရန် ရောက်ရှိတော်မူစဉ် အဆောက်အဦများကို လှည့်ပတ်ကြည့်ရှုရာ ပြုပြင်ရန်လိုအပ်နေသည်ကို တွေ့ရှိ၍ ပြန်လည်ပြုပြင်ရန်အတွက် နိုးဆော်တိုက်တွန်း  ခဲ့ပါသည်။

၁၉၈၅-ခုနှစ် သီပေါမဟာမြတ်မုနိ ဘုရားကြီး
         
ညတရားပွဲတွင်လည်း အဟောင်းပြုပြင်ရသည့် အကျိုးတရားများကို "ရေနှင့်ဆေးကျောင်း အဟောင်းပြင်ဆင် ဥယျာဉ်တ၀ သီလမည်သာ ဒီဃာယုက အာရောဂျဟု ပုညခေါ်ရိုး ကျင့်တစ်မျိုးမို့ ကြိုးစားသမှု လုံ့လပြုလော့" ဟု မဟာမြတ်မုနိ ဘုရားကြီးအား ပြုပြင်သင့်ကြောင်း ထည့်သွင်းဟောကြား   တော်မူခဲ့ပါသည်။
ဆရာတော်၏ သြ၀ါဒ အထောက်အပံ့ အကူအညီ အကြံအဉာဏ်များဖြင့် တည်ဆောက်ပြုပြင်ခဲ့ရာ ……


                    အာရုံခံတန်ဆောင်းတော်အား မြန်မာသက္ကရာဇ် ၁၃၄၇-ခု နတ်တော်လ ဆန်း (၁၀) ရက် (၂၂-၁၂-၁၉၈၅) တနင်္ဂနွေနေ့ နံနက် (ဂ - နာရီ ၃၀ - မိနစ်) အချိန်၌ ပန္နက်တော်တင် အခမ်းအနား ကျင်းပ ပြီး ၁၃၄၇ - ခု ပြာသိုလဆန်း (၃) ရက် (၁၃-၁-၁၉၈၆) တနင်္လာနေ့ နံနက် (၈ - နာရီ ၃၀ - မိနစ်) အချိန် တွင် အုဌ်မြစ်တော်တင်လှူကာ ဆောက်လုပ်ခဲ့ပါသည်။
           ပြာသာဒ်တော်အား (၂၈-၁၁-၁၉၈၈) နေ့တွင်စတင်၍ အုဌ် အင်္ဂတေ ကွန်ကရစ်တို့ဖြင့် ဘုံခုနစ်ဆင့်တည်ဆောက်ခဲ့ရာ (၁၇-၁၁-၁၉၉၀) နေ့၌ ပြီးစီးအောင်မြင်ခဲ့ပြီး (၂၇-၁-၁၉၉၀) နေ့ နံနက် (၉ - နာရီ ၁၈- မိနစ်) တွင် ရွှေထီး တော်တင် မင်္ဂလာဆင်ယင်ကျင်းပနိုင်ခဲ့ပါသည်။


         သီတဂူဆရာတော်ကြီးသည် နှစ်စဉ်နှစ်တိုင်း သီပေါ မဟာမြတ်မုနိဘုရားကြီးသို့ တစ်နှစ်တစ်ကြိမ် ကြွရောက်ကာ တရားတော်များဟောကြားတော်မူပြီး အဆောက်အဦများနှင့် ပါတ်သက်၍ လိုအပ်နေသည် များ မွမ်းမံသင့်သည်များ ထပ်မံတိုးချဲ့ ဆောက်လုပ်သင့်သော အဆောက်အဦများကို အကြံပေး သြ၀ါဒပေး ကာ သီပေါမြို့၏ သာသနာ နေလိုလလို ထွန်းတောက်နိုင်ရန် ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။


           ဤသို့လျှင် သီတဂူဆရာတော်၏ သြ၀ါဒ အထောက်အပံ့ အကြံပေးချက်များကို လိုက်နာကာ တည်ဆောက် စောင့်ရှောက် မွမ်းမံမှုများကြောင့် မဟာမြတ်မုနိဘုရားကြီးသည် တင့်တယ် လှပ သပ္ပါယ်စွာ သီပေါမြို့၏ သာသနာ့ကျက်သရေကိုဆောင်လျက် ရှိနေပါကြောင်း ယခုမျက်မှောက်တွင် ဖူးမြင်နေကြရပါ သည်။   
 သီတဂူဆရာတော်နှင့် သီပေါမြို့သီတဂူစက္ခုဒါနဆေးရုံတော်
၁၃၆၈-ခုနှစ် တပေါင်းလဆန်း ၄-ရက်နေ့ (၁၉-၂-၂၀၀၇) တွင် သီပေါမြို့ မဟာမြတ်မုနိဘုရားသို့ တရားဟောကြွရောက်လာရာတွင် ဘုရားကြီးပရ၀ုဏ်၏ အနေအထားကို သိထားတော်မူသည့်အလျှောက် မျက်စိဆေးရုံ ဆောက်လုပ်ကာ ရှမ်းပြည်နယ်သူနယ်သား မျက်စိဝေဒနာရှင်များကို ကုသမှုပြုနိုင်ရန်အတွက် သြ၀ါဒ ပေးတော်မူပါသည်။

         ဆရာတော် ကိုယ်တော်တိုင် မြေနေရာအကွက်ချခြင်း ပုံစံထုတ်ခြင်းများ ပြုလုပ်ပေးတော်မူပါသည်။

          ၁၉-၃-၂၀၀၇ နေ့တွင် ၁၃၅ ပေ× ၆၀ ပေ ရှိသောဆေးရုံတော်ကို ခွဲစိပ်ခန်း၊ ပေါင်းတင် သန့်စင်ခန်း၊ ဆေးပေးခန်း၊ ဓါတ်ခွဲခန်း၊ မှတ်ပုံတင်ခန်း၊ စမ်းသပ်ခန်း၊ လူနာဆောင် စသည်ဖြင့် စနစ်တကျ အကွက်ချပြီး ပန္နက်တင် မင်္ဂလာကျင်းပ၍ ဆောက်လုပ်ခဲ့ပါသည်။


         
၂၀-၂-၂၀၀၈ နေ့တွင် ကျပ် ၁၃၃၃ သိန်းကျော် ကုန်ကျဆောက်လုပ်ပြီးစီး အောင်မြင်ခဲ့ပါသည်။ 



           ပြီးစီးပြီဖြစ်သော အဆောက်အဦီအတွင်း ဆရာတော်ကြီးလှူဒါန်းထားသော စက်ကရိယာများ တပ်ဆင်ထားမှု အခြေအနေတို့ကို ကိုယ်တော်တိုင် လာရောက်စစ်ဆေးတော်မူပါသည်။








       သေချာကျန စစ်ဆေးတော်မူ၍ ကိုယ်တော်တိုင် (၂၂-၃-၂၀၀၈) နေ့တွင် စတင်ဖွင့်လှစ်ပေးကာ အခမဲ့   ဆေးကုသမှု ပြုစေခဲ့ပါသည်။





          ၂၂-၃-၂၀၀၈ နေ့မှစ၍ ယခုထိ (၁၈) ကြိမ်တိုင်အောင် ရှမ်းပြည်နယ်တစ်ခွင်မှ မျက်စိ ဝေဒနာရှင် (၉၆၄၉) ယောက်ကို စမ်းသပ်စစ်ဆေးပေးပြီး (၁၈၉၀) ယောက်တို့ကို အခမဲ့ ကုသလျှက် အောင်မြင်စွာ အလင်းဓါတ်ကို ပေးနိုင်ခဲ့ပါသည်။ 
       သီတဂူဆရာတော်ကြီး၏ လှူဒါန်းထားအပ်သော ဆေး စက်ကိရိယာ ဒါန၊ မေတ္တာ၊ ကရုဏာ၊ လာရောက်လုပ်အား ဒါနပြုကြသောပြည်တွင်းပြည်ပ မျက်စိသမားတော်ကြီးများနှင့် သီတဂူဆရာတော်၏ အာယုဒါန ဆေးရုံ ၀န်ထမ်းများတို့၏ စေတနာ မေတ္တာတို့ကြောင့် မျက်စိဝေဒနာရှင်များ အလင်းဓါတ်ရ၍ ချမ်းသာကြရပါကြောင်း ၀မ်းမြောက်ဝမ်းသာစွာ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
        ဤမှတ်တမ်းလွှာဖြင့် "သီတဂူ  ဆရာတော် အရှင်ဉာဏိဿရ (Ph.D, D.Litt) အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ"၏ (၁၃၇၃-ခု တပေါင်းလပြည့်နေ့)၇၅-နှစ်မြောက် စိန်ရတု မွေးနေ့ပူဇာအဖြစ် ရိုသေ မြတ်နိုးစွာဖြင့် ပူဇော် ကန်တော့ပါ၏ဘုရား။
                                                                                                သီတဂူ သီပေါ။

0 comments:

Post a Comment

 
Top